Thursday, October 18, 2012



ပထမဆုံး ကိုရီးယားဖျော်ဖြေရေးခရီးစဉ် နဲ့ အေသင်ချိုဆွေ

 အောက်တိုဘာလ ၂၈ရက်နေ့မှာ အေသင်ချိုဆွေက ဟဲလေး၊Lလွန်းဝါ၊ဝါဆိုမိုးဦး၊ ၅ှအမေ အဖွဲ့တို့နဲ့အတူ ကိုရီးယားနိုင်ငံ သို့ တစ်ပတ်ကြာ ဖျော်ဖြေရေး ထွက်ခွာသွားပါ တယ်။ ကိုရီးယားနိုင်ငံကို ပထမဦးဆုံးအကြိမ် သွားရောက်ဖျော်ဖြေမှာဖြစ်တဲ့ အတွက် စိုးရိမ် စိတ်တွေ ရှိနေတယ်လို့ ပြောတဲ့အေသင်ချို ဆွေ ကအေသင် နည်းနည်းတော့ စိုးရိမ်တယ်။ စိုးရိမ်တယ် ဆိုတာက တအားဝေးတဲ့ အခါကျ တော့ မသိတာတွေဖြစ်မှာ ကြောက်လို့၊ အဲဒီ တစ်ခုတော့ စိုးရိမ်စိတ် ရှိနေတယ်။ အေသင် သီချင်းနုတ်စ်တွေကို အကုန်လုံးယူသွား မှာပါ။ သူတို့ကြိုက်တဲ့ သီချင်းတွေ ဆိုဖြစ်မယ်။ ပြီး တော့ သူတို့တောင်းဆို တဲ့သီချင်းလည်း ဆိုပေးမယ်လို့ပြောတဲ့ အေသင် ချိုဆွေကို ပြည် ပက ပရိသတ်တွေနဲ့ အမြဲထိတွေ့လေ့ရှိတဲ့ အတွက် မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ ပြည် ပက ပရိသတ်တွေ အားပေးမှု ဘာတွေ ကွာ ခြားမှုတွေ ရှိသွားမလဲ ဆိုတာကို မေးကြည့် တော့..
ကိုယ့်မြန်မာနိုင်ငံက ပရိသတ်တွေကျ တော့ ကိုယ်နဲ့ အမြဲတမ်းထိတွေ့လေ့ရှိတယ်။ ဟိုက ပရိသတ်တွေလည်း တအားအားပေး ကြပါတယ်။ ပြည်ပကျတော့ ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် သွားရလာရတာ ခက်ခဲ တယ်။ အဲဒါလေးတစ်ခုပါပဲလို့ ပြောပါ တယ်။ အနီးဆုံးလူနမ်းမှာလားဗီစီဒီကို တန် ဆောင်မုန်းလပြည့်နေ့မှာ ထွက်ရှိတော့မှာဖြစ် ကြောင်း ၊တစ်ခွေလုံးနီးပါးကို ဒါရိုက်တာ ဇေပါက ပုံဖော်ရိုက်ကူးပြီး ဇေယျ၊ကောင်းခန့်၊ သန္တာဗို၊ မြတ်သူအောင်၊ မြတ်သူကျော်၊ မိုးယံ ဇွန်တို့က ပါဝင်သရုပ်ဆောင်ထားပြီး အေ သင်ချိုဆွေကိုယ်တိုင်ကလည်း ၁ဝပုဒ် လောက် သရုပ်ဆောင် ထားကြောင်းပြောပါ တယ်။အနီးဆုံးလူနမ်းမှာလားဗီစီဒီကို အကောင်းဆုံးကြိုးစား ပုံဖော်ထားကြောင်း ပြောတဲ့ အေသင်ချိုဆွေက..
ဒီအခွေက ထူးခြားမယ် လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်လမ်းပုံစံတွေ ရိုက်ထားတာလည်း ရှိတယ်။ အဓိကရိုက်တာ ကျတော့ နှစ်ယောက်တစ်အိပ်မက်သီချင်းရိုက် တာကလည်း ထူးခြားတယ်။ ဒါပေမဲ့ တအား ကြီးထူးခြားတာတော့ ပါမှာမဟုတ်ဘူး။ဘာ ဖြစ်လို့လဲ ဆိုတော့ ဒီအခွေက သီချင်းတွေက အေးအေးလေးတွေ လည်းဖြစ် တယ်။ Story ဇာတ်လမ်း ပုံစံလေးတွေ ရိုက်ထားတယ်လို့ ပြောတဲ့အေသင်ချိုဆွေက သူ့ရဲ့ ဒုတိယ တစ် ကိုယ်တော် စီးရီး ကိုလည်း ဇန်နဝါရီလမှာထွက် ရှိမှာဖြစ်ကြောင်း ပြောပါတယ်။


ကျောင်းတစ်ဖက်၊ ရိုက်ကူးရေး တစ်ဖက်နဲ့ မေဖြူဖြူ

ငှက်အော်စမ်း လူငယ်ထိန်းသိမ်း စောင့်ရှောက်ရေးဂေဟာမှာ ငွေကျပ် ၃ သိန်းအပြင် အဝတ်အထည် များကိုပါ လူငယ် ဒါရိုက်တာ အဏ်ထော်ဏီရဲ့ ၄၅ နှစ်ပြည့်မွေးနေ့နဲ့ အတူ လိုက်ပါ လှူဒါန်းဖြစ်ခဲ့တဲ့ မေဖြူဖြူ ကသူ့ရဲ့ စုံတွဲအခွေ ဖြစ်တဲ့ကောင်းသောညပါ ကလေး ရယ်ဆိုတဲ့ စီဒီကိုပါ ဖြန့်ဝေ လှူဒါန်း ဖြစ်ခဲ့ပါတယ်။ ကျောင်းမှာ ခွင့်တိုင်ပြီး ငှက်အော်စမ်း အထိ လာရောက် လှူဒါန်းဖြစ်ခဲ့တဲ့ မေဖြူဖြူ က ရိုက်ကူးရေးတွေ ကိုတော့ ကျောင်းချိန်နဲ့ လွတ်တဲ့ အချိန်တွေမှာ ရိုက်ကူးဖြစ်တယ်လို့ ပြောပါ တယ်။
တအား အရေးကြီးတယ် ဆိုရင်တော့ ကျောင်းမှာ ခွင့်သွားတိုင်ပါတယ်။
သူတို့တွေက လည်း နားလည်ပေးကြပါတယ်။ ကိုယ်ကလည်း ရတဲ့ အခွင့်အရေးကို အများကြီး မယူပါဘူး။ ချင့်ချိန်ပြီးတော့ ကျောင်းချိန် ၇၅ ရာ ခိုင်နှုန်းပြည့် မီအောင်တော့ တက်ရပါတယ်။ ရိုက်ကူးရေးတွေ ရှိပေမယ့် ကျောင်းစာဘက် အပိုင်းမှာတော့ မထိခိုက်ပါဘူး။ ရိုက်ကူးရေး ပြီးတာနဲ့ အိမ်ရောက်လို့ ရှိရင် စာကြည့်ပါတယ်။ ရိုက်ကူးရေး လုပ်နေရင်းနဲ့လည်း ကိုယ်နားတဲ့ အချိန်မှာ စာကျက် ဖြစ်တယ်လို့ ပညာရေးဘက် နဲ့ အနုပညာ ဘက်ကို မျှတအောင် ကြိုးစား လုပ်ဆောင်ရတဲ့ အပေါ်ပြောပြပါတယ်။ ကျောင်းဖွင့်ရက်တွေမှာ ရိုက်ကူးရေးတွေကို ညနေပိုင်းတွေမှာပဲ ရိုက်ဖြစ်တာ များပြီး ကျောင်းပိတ် ရက်တွေမှာ ဆိုရင်တော့ တစ်နေ ကုန်ရိုက်ကူးရေးလုပ်ဖြစ်တယ်လို့ဆိုပါတယ်။
ညနေပိုင်းတွေမှာပဲ ရိုက်ဖြစ်တာ များတယ်။ ကျောင်းဖျက်ဖို့ ကျတော့ သိပ်ပြီးအဆင် မပြေလို့ပါ။ ဒါပေမဲ့ စနေ၊ တနင်္ဂနွေရက်တွေ ဆိုရင်တော့ လုံးဝမနားပါဘူး။သူများတွေ နားနေတဲ့ အချိန်မှာလည်း ကိုယ်က အလုပ်လုပ်နေ ရမှာပါပဲ။ ရိုက်ကူးရေးကတော့ နည်းနည်းအချိန် ရွေ့သွားတဲ့ သဘောပဲ ရှိပါတယ်။ မေဖြူ တစ်ရက် မှကို မနားဘဲနဲ့ အနုပညာ အလုပ်တွေလုပ် ဖြစ်ပါတယ်။ သီချင်းတွေလည်း သွင်းထားတယ်။ ကျောင်းပိတ်တာနဲ့ ကောင်းသော ညပါကလေးရယ်ဗီစီဒီ ထွက်နိုင်ဖို့ အတွက် လည်း ကြိုးစားနေပါတယ်။ ဒီကြားထဲမှာ လည်း ပရိသတ်တွေနဲ့ အဆက်ပြတ် မသွားအောင် ကြိုးစားနေမှာပါလို့မေဖြူဖြူက ဆက်လက်ပြောပြပါတယ်။ ကောင်းသော ညပါကလေးရယ်ဆိုတဲ့ ဗီစီဒီလေးကို ဒီနှစ်ထဲမှာ ထွက်ချင်ပေမယ့်လည်း ဒီဇင်ဘာ ဖြစ်မလား၊ နောက်နှစ် ဇန်နဝါရီ ဖြစ်မလား ဆိုတာကို ဆွေးနွေးနေတုန်း လို့ပြောပြပါ တယ်။ မေဖြူဖြူက အခုအချိန်မှာတော့ UFL အင်္ဂလိပ်စာ အထူးပြု နောက်ဆုံးနှစ်ကိုတက် ရောက်နေပါတယ်။

No comments:

Post a Comment