Sunday, October 14, 2012

ကလေးမြို့တွင်တရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီလူမျိုး(၁၆)ဦးဖမ်းမိ

စစ်ကိုင်းတိုင်ဒသကြီး၊ကလေးမြို့တွင်နယ်စပ်ဖတ်ကျော်လမ်းများမှတရားမဝင်ခိုးဝင်လာသောဘင်္ဂါလီလူမျိုး(၁၆)ဦးအားအောက်တိုဘာလ (၁၄) ရက်နေ့တွင် ထပ်မံ
ဖမ်းဆီးရမိခဲ့ကြောင်းကလေးမြို့နယ်ရဲစခန်းမှအတည်ပြု ပြောကြားချက်
အရသိရသည်။၎င်းဘင်္ဂါလီများသည်ကလေး  အနောက်မြောက်ဒေသ၊မောက်လင်းအုပ်စုတွင်ဖမ်းမိခြင်းဖြစ်ပြီး သာယာကုန်း ကျေးရွာတွင်(၁၂)ဦး၊ပျဉ်းခုံလေး(ဇိုဇန်လမ်းခွဲ)တွင်
 (၄)ဦး၊ စုစုပေါင်း(၁၆)ဦးကိုနေ့လည်(၁၂း၁၅)နာရီ အချိန်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း
 
၎င်းက ဆက်လက်ပြောကြားသည်။

ခိုးဝင်လာသောဘင်္ဂါလီများကို ကလေးမြို့နယ် ညောင်တုန်း ရွာသားတစ်ဦးကတွေ့ရှိရာမှ ရဲစခန်းသို့သတင်းပေးပို့ခဲ့ခြင်းဖစ်ကြောင်းကလေးမြို့အမျိုးဘာသာ၊သာသနာ   စောင့်ရှောက်ရေး
အဖွဲ့ဝငတစ်ဦးကပြောကြားသည်။ယခုဖမ်းဆီးမိသောဘင်္ဂါလီ(၁၆)ဦးမှာအမျိုးသားများဖြစ်ကာအသက်(၂၅)နှစ်အောက်လူငယ်များဖြစ်ကြောင်း သိရသည်။
          ကလေးမြို့တွင်စက်တင်ဘာ(၁၃)ရက်နေ့ကပုလုပ်ခဲ့သောဘင်္ဂါလီအရေးနှင့်ပတ်သက်၍သမ္မတပြောကြားချက်ကို ထောက် ခံပွဲပြုလုပ်ခဲ့ပြီးနောက်ပိုင်းတရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီများအား ဆက်တိုင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment