Thursday, October 18, 2012



ဘဝတစ်ကွေ့မှာ ပရိသတ်နှင့် တွေ့မည့် မြင့်မြတ်
သရုပ်ဆောင်မြင့်မြတ်ကဘဝတစ်ကွေ့ တေးစီးရီး ထွက်ရှိ ခြင်း အထိမ်းအမှတ် အဖြစ် စက်တင်ဘာ ၂၉ ရက်မှာ ပရိသတ်နှင့် တွေ့ဆုံဖို့ ရှိကြောင်း ပြောသည်။
ဘဝတစ်ကွေ့ တေးစီးရီးကို ကောင်းကောင်း၊ အိုင်းရင်းဇင်မာ မြင့်နှင့် မြင့်မြတ် တို့ ပါဝင်သီဆို ထားကြောင်း သိရသည်။
ဗီဒီယိုကားတွေလိုတော့မဟုတ်ဘူးလေ။ပရိသတ်ကဘယ်ကားဘယ်ကားကိုပိုစိတ်ဝင်စားမယ်ဆိုတာ မှန်းတတ်သွားပြီ။အခုသီချင်းကျတော့ကျွန်တော့်ရဲ့ပထမဆုံးအတွေ့ အကြုံလည်း ဖြစ်တော့ ပရိသတ် ဘယ်လို တုံ့ပြန်မယ်ဆိုတာ ကျွန်တော် ကိုယ်တိုင်လည်း အရမ်း သိချင်နေပါတယ်။ သီချင်းတွေကို ၃ လ၊ ၄ လလောက် နဲ့ ဒီစီးရီး တစ်ခွေဖြစ်အောင် လုပ်ထားတာ။ သီချင်းဆိုတဲ့Dateတွေဆိုလည်းညတွေချည်းပဲ။ စိတ်တိုင်းကျလား ဆိုတော့ အကုန်လုံးတော့ စိတ်တိုင်း ကျပါတယ်။ ဒါပေမဲ့တချို့နေရာ လေးတွေမှာ အချိန် မပေးနိုင်လို့ အချိန်ပေးနိုင်ရင် ထပ်ပြီးလုပ်လို့ရတဲ နေရာလေးတွေရှိသေးတ ပေါ့။ကျွန်တော်ကိုယ်တိုင်ကိုယ်က ပြင်ချင်နေတာလေးတွေရှိသေးတယ်။သီချင်းနဲ့ပတ်သက်ရင်မကျွမ်းကျင်ပါဘူး။ နည်းနည်းပါးပါး အခက်အခဲလေး တွေလည်း ရှိတယ်။ အချိန် အတိုင်းအတာအရ ရောပေါ့။ စိတ်တိုင်းကျလုပ်နိုင်ဖို့ဆိုရင်တော့ကိုယ်ပိုင်စတီဒီယိုရှိမှအဆင်ပြေမယ်ထင်တယ်ဟု မြင့်မြတ်က ဆိုသည်။
ဒုတိယ အခွေနှင့် ပတ်သက်၍ မြင့်မြတ်က ဆိုဖြစ်မှာပါ။ ကျွန်တော် ဝါသနာလည်း ပါတာကြောင့် လေ။ ဘယ်တော့လောက် နောက် ခြေလှမ်းစမလဲ ဆိုတာကတော့ ကျွန်တော့် ဇာတ်ကား ရိုက်ရက်တွေ ပေါ်မှာ မူတည်ပါတယ်။ ကျွန်တော် ကားရိုက်ရင်း အားတဲ့ အချိန်တွေမှာ ပြေးပြေးပြီး ဆိုရမှာပေါ့။ တစ်ကိုယ် တော် လုပ်ဖြစ်မလား၊ အခုလို အတွဲတွေပဲ ဆိုဖြစ်မလား ဆိုတာတော့ မပြောတတ် သေးပါဘူး။ လက်ရှိဘဝတစ်ကွေ့စီးရီးကို စက်တင် ဘာ၂၉ ရက်နေ့ ထွက်မှာ ဆိုတော့ ပရိသတ်တွေ အားပေး ဖို့ ပြောချင် ပါတယ်ဟုဆိုသည်။



မန္တလေးပရိသတ်ရဲ့လက်ခုပ်သံနဲ့သီချင်းနှစ်ပုဒ်ဆိုတဲ့ ချစ်သုဝေ



တေးသံရှင် သရုပ်ဆောင် ချစ်သုဝေက မန္တလေးမြို့ကHoney Mart ဖွင့်ပွဲမှာ ပရိ သတ်တွေကို တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ သလိုနှစ်သစ်ကိုလည်း မန္တလေးကန်တော် ကြီး မှာ ပရိသတ်တွေနဲ့ဖြတ်သန်းကြိုဆိုခဲ့ပါတယ်။ အဲဒီလိုပဲ မန္တလေးသင်္ကြန်ကိုလည်း နှစ်တိုင်း လိုလိုလာရောက်နေကျဖြစ်လို့ မန္တလေးနဲ့ ပတ်သက်ပြီး
အမှတ်တရ အဖြစ် အပျက် များကို မေးကြည့်တဲ့အခါ… ”ကြာတော့ကြာပြီ။ ဟိုးလွန်ခဲ့တဲ့ သင်္ကြန် တစ်နှစ်က မန္တလေးမှာ သီချင်းလာဆိုတော့ စီဒီနဲ့ ဆိုရတယ်။ အစ်မ က စီဒီနဲ့လည်း တစ်ခါမှမဆိုဖူးတော့ အဆင် မှ ပြေပါ့မလားလို့ တွေးမိတာပေါ့။ ဖြစ် ချင်တော့တွေးနေတဲ့အတိုင်းပဲ သီချင်းတစ် ဝက်လောက် ရောက်တော့အခွေက အဆင် မပြေဖြစ်ပြီး သီချင်းဆက်ဆိုလို့မရတော့ ဘူး။ အဲဒါကို စင်အောက်က ပရိသတ်တွေက သိ တော့လက်ခုပ်တီးပေးကြတယ်။ပရိသတ်တွေ  ရဲ့ လက်ခုပ်သံနဲ့ပဲ တီးလုံးမပါဘဲ သီချင်းနှစ် ပုဒ်ပြီးအောင် ဆိုနိုင်ခဲ့တယ်။ အဲဒါက တော့မန္တလေးပရိသတ်တွေနဲ့ပတ်သက်ပြီး အမှတ်တရများစွာထဲကဘယ်တော့မှမမေ့  နိုင်တဲ့အမှတ်တရတစ်ခုပါလို့ ပြောပြ ပါတယ်။နောက်ပြီး အခုထွက်ထားတဲ့တိမ်တွေနေတဲ့အရပ်အခွေထဲက ဘယ်သီချင်းကို ပရိသတ်တွေ ကြိုက်လဲ ဆိုတော့အဲဒီအခွေထဲက တိမ်တွေ နေတဲ့အရပ်သီ ချင်းလေးကိုတော့ ပရိ သတ်တွေကြိုက်ကြတယ်။ ရှိုးတွေ မှာလည်း ပရိသတ်က အဲဒီ သီချင်းကို တောင်းကြတယ်လို့ပြောပြီး တိမ်တွေ နေတဲ့အရပ်ဗီစီဒီကို မြန်မြန် ထွက်နိုင် အောင် ကြိုးစားနေ ပါတယ် လို့ ပြောပါတယ်။



နင်စေရင် ရုပ်ရှင်ဇာတ်ကားကြီး အတွက် အကယ်ဒမီကို ရင်ခုန်ချင်ပါတယ် ဆိုလာတဲ့ 

 တ်မှုံရွှေရည်အကယ်ဒမီ ပေးပွဲကို အဝါရောင်ဝတ်စုံ နဲ့တက်ရောက်ခဲ့တဲ့ ဝတ်မှုံရွှေရည်က အကယ်ဒမီဆု ရရှိခဲ့တဲ့ အနုပညာ မောင်နှမတွေကို လည်း ပျော်ရွှင်ကြည်နူးစွာ သွားရောက် မယ် လို့ ပြောခဲ့တဲ့ အတိုင်း သွားရောက်နှုတ်ဆက် တာကိုလည်း တွေ့ခဲ့ပါတယ်။ ဒီနှစ်ကိုတော့ သူများအတွက် အားပေးဖို့ တက်ရောက် လာပေမယ့်နင်စေရင်ရုပ်ရှင် ဇာတ်ကားကြီး ရုံတင်တဲ့နှစ် မှာတော့ ကိုယ့်အတွက် တက်တဲ့ ပွဲလို့ ပြောလို့ရမလားဆိုတော့
” ‘
နင်စေရင်ကားက ခုချိန်ထိ ဝတ်မှုံ ရုပ်ရှင်ကား ရိုက်ခဲ့သမျှထဲမှာ စိတ်အလှုပ်ရှားဆုံးနဲ့ ရင်အခုန်ရဆုံး ဇာတ်ကားပါပဲ။ ဝတ်မှုံ အတွက် လုပ်ကွက်တွေ အများကြီးရ တယ်၊ သေသေချာချာကို ကြိုးကြိုးစားစား သေသေ ကြေကြေ လုပ်ထားတဲ့ ဇာတ်ကားကြီးပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူများတွေလိုပဲ အကယ်ဒမီကို ရင်ခုန်ချင်ပါ တယ်။ ရိုက်ခဲ့သမျှ ကိုတော့ သေသေချာချာ အားစိုက် ကြိုးစား ထားပါတယ်။ ကြိုးစားမှုက တစ်ကားနဲ့ တစ် ကား အတူတူပါပဲ။ ဒါပေမဲ့ လုပ်ကွက်ရတဲ့ ဇာတ်ကားရယ်၊ ကိုယ့်အတွက် သေသေချာချာ ကြိုးစားလို့ရမယ့် ဇာတ်ရုပ် ဆိုတာရယ် ရှိသေးတယ်လေ။ အခွင့်အရေးရတဲ့ ဇာတ်ကားတွေ ရှိပါတယ်၊ ရိုက်ထားတဲ့ ဇာတ်ကား တွေ ကတော့ မတူဘူး။ ဒါပေမဲ့ ပရိသတ်ရင် ဘတ်နဲ့ ထပ်တူ ဖြစ်ဖို့တော့ လိုတာပေါ့၊နင်စေရင်ကားရိုက်တုန်းက ၃၊၄ရက် လောက် ဖျားသွားပြီး ဒရစ်သွင်းလိုက် ရတယ်။ တအား မု(ဒ်)ထည့်ထားတော့ စိတ်ရော၊ လူရော တအား ပင်ပန်းတယ်၊ အဓိကက စိတ်ပင်ပန်းတာကြောင့် လူပါ ထိသွားတာ ပေါ့၊ ကိုဝိုင်း ကလည်း သူလိုချင်တဲ့ အိုက်တင် မရမချင်း အပြည့်လုပ်ခိုင်းတာ၊ မနက်ကတည်း က ငိုလိုက်တာ ည ၁ဝ နာရီလောက်  အထိ ငိုရတယ်။ စိတ်နှစ်ပြီး သရုပ်ဆောင်ခဲ့တာ၊ ဒီကားက ဒရာမာ ကားပေါ့၊ ရှေ့မှာရိုက်ခဲ့ တဲ့ကားတွေက ရိုးမန့်စ်၊ ဟာသကားတွေဆို တော့ တစ်ကားလုံး ဟဲဗီး မလုပ်ရဘူး။ ဒါပေ မဲ့ သူ့နေရာနဲ့သူ အကုန်လုံး ကောင်းပြီး ဒါရိုက်တာတွေ လည်း သင်ပေးပါတယ်။ နင်စေရင်က ရုံမတင်သေးတော့ ပရိသတ် အသံကို မကြားရသေးဘူး။ ဝတ်မှုံ ဘက်ကတော့  ဒါရိုက်တာ လိုချင်တဲ့ အတိုင်း အကောင်းဆုံး ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် လုပ်ထားပါတယ်။ အကယ်ဒမီ ဆိုတာ အနုပညာ သမားတိုင်း လိုချင်တာပေါ့၊ ဝတ်မှုံလည်း ရုပ်ရှင်ကားကြီး ရိုက်ထားတဲ့ အတွက် တစ်နေ့ နေ့ မှာတော့ အကယ်ဒမီကို ရင်ခုန်ချင်ပါတယ်လို့ ပြောပြပါတယ်။





No comments:

Post a Comment