Tuesday, January 22, 2013




ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ်
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)
ပါတီမှ မြို့နယ်ညီလာခံကျင်းပပါက ဆန္ဒပြကြ
မည်ဟု ပါတီဝင်အဖြစ်မှ ယာယီထုတ်ပယ်ခြင်း
ခံထားရသူ ဦးအောင်ကြီးက ဇန်နဝါရီလ ၊

၈ ရက်နေ့တွင် ပြောကြားသည် ။

"
အဓိကကတော့ မဖွဲ့ရသေးတဲ့ ရပ်/ကျေးညီလာခံတွေကို ပြန်ဖွဲ့ပေးဖို့ ၊ ထင်သာမြင်
သာရှိတဲ့ မြို့နယ်ညီလာခံ ကျင်းပဖို့နဲ့ ယာယီအထုတ်ခံထားရတဲ့ (၂၆)ဦးကို
 ပြန်လည် အရွေးချယ်ခံခွင့် ပေးဖို့ပါ ။ လောလောဆယ်တော့ မြိ့နယ်ညီလာခံ
လုပ်မယ့်နေ့မှာ ဆန္ဒပြမယ် ။

ဒီနေ့လည်း ညီလာခံလုပ်မယ် ကြားလို့ အယောက်(၂၅၀)ဆန္ဒဖော်ထုတ်မယ်လို့
 
ခွင့်ပြုမိန့် တောင်းထားတာပါ ။

ဒီနေ့ညီလာခံမလုပ်လို့ မပြပေမယ့်လည်း နောက်နေ့တွေအတွက် ဆန္ဒထုတ်ဖော်
ဖို့ ခွင့်ပြုမိန့်ကို ဆက်တိုက်တောင်းသွားမှာပါ " ဟု ၎င်းကပြောသည် ။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၊ ၃ရက်နေ့က NLD မြို့နယ်ညီလာခံကျင်းပရေးကော်
မရှင်ကို ပါတီဝင်(၂၅၀)က ဆန္ဒပြသခြင်းနှင့်ပက်သက်၍ မြို့နယ်ကိုယ်စား
လှယ်လောင်း (၂၆)ဦးအားဗဟိုမှညီလာခံ ကျင်းပပြီးစီးချိန်အထိ ပါတီဝင်အဖြစ်မှ
ယာယီရပ်စဲခြင်း ခံထားရခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ (၅)ဦးကိုလည်း ဒီဇင်ဘာလ(၂၇)
ရက်နေ့နှင့် (၂၈)ရက်နေ့များက ခွင့်ပြုမိန့်မရရှိပဲ ဆန္ဒပြခဲ့သည့်အတွက် မအူပင်မြို့နယ်
ရဲတပ်ဖွဲ့မှ ပုဒ်မ(၁၈)နှင့် တရားစွဲဆိုထားကြောင်း ဆက်လက်ပြောကြားသည် ။

ပါတီဝင်အဖြစ်မှ ယာယီရပ်စဲခြင်း ခံထားရသည့်အပြင် ပုဒ်မ(၁၈)နှင့်ပါ အမှုရင်
ဆိုင်နေရသူ တစ်ဦးဖြစ်သော ဦးဇော်မင်းဦးက "ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်း
တဲ့စာကို ဗဟိုကနေ ဒီဇင်ဘာ(၁၈)ရက်နေ့က ထုတ်ပေးထားတာ ၊ ကျွန်တော်တို့
ဆီကို (၂၆)ရက်နေ့မှရောက်ပြီးသိရတာ ၊

Thursday, October 18, 2012



ပထမဆုံး ကိုရီးယားဖျော်ဖြေရေးခရီးစဉ် နဲ့ အေသင်ချိုဆွေ

 အောက်တိုဘာလ ၂၈ရက်နေ့မှာ အေသင်ချိုဆွေက ဟဲလေး၊Lလွန်းဝါ၊ဝါဆိုမိုးဦး၊ ၅ှအမေ အဖွဲ့တို့နဲ့အတူ ကိုရီးယားနိုင်ငံ သို့ တစ်ပတ်ကြာ ဖျော်ဖြေရေး ထွက်ခွာသွားပါ တယ်။ ကိုရီးယားနိုင်ငံကို ပထမဦးဆုံးအကြိမ် သွားရောက်ဖျော်ဖြေမှာဖြစ်တဲ့ အတွက် စိုးရိမ် စိတ်တွေ ရှိနေတယ်လို့ ပြောတဲ့အေသင်ချို ဆွေ ကအေသင် နည်းနည်းတော့ စိုးရိမ်တယ်။ စိုးရိမ်တယ် ဆိုတာက တအားဝေးတဲ့ အခါကျ တော့ မသိတာတွေဖြစ်မှာ ကြောက်လို့၊ အဲဒီ တစ်ခုတော့ စိုးရိမ်စိတ် ရှိနေတယ်။ အေသင် သီချင်းနုတ်စ်တွေကို အကုန်လုံးယူသွား မှာပါ။ သူတို့ကြိုက်တဲ့ သီချင်းတွေ ဆိုဖြစ်မယ်။ ပြီး တော့ သူတို့တောင်းဆို တဲ့သီချင်းလည်း ဆိုပေးမယ်လို့ပြောတဲ့ အေသင် ချိုဆွေကို ပြည် ပက ပရိသတ်တွေနဲ့ အမြဲထိတွေ့လေ့ရှိတဲ့ အတွက် မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ ပြည် ပက ပရိသတ်တွေ အားပေးမှု ဘာတွေ ကွာ ခြားမှုတွေ ရှိသွားမလဲ ဆိုတာကို မေးကြည့် တော့..
ကိုယ့်မြန်မာနိုင်ငံက ပရိသတ်တွေကျ တော့ ကိုယ်နဲ့ အမြဲတမ်းထိတွေ့လေ့ရှိတယ်။ ဟိုက ပရိသတ်တွေလည်း တအားအားပေး ကြပါတယ်။ ပြည်ပကျတော့ ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် သွားရလာရတာ ခက်ခဲ တယ်။ အဲဒါလေးတစ်ခုပါပဲလို့ ပြောပါ တယ်။ အနီးဆုံးလူနမ်းမှာလားဗီစီဒီကို တန် ဆောင်မုန်းလပြည့်နေ့မှာ ထွက်ရှိတော့မှာဖြစ် ကြောင်း ၊တစ်ခွေလုံးနီးပါးကို ဒါရိုက်တာ ဇေပါက ပုံဖော်ရိုက်ကူးပြီး ဇေယျ၊ကောင်းခန့်၊ သန္တာဗို၊ မြတ်သူအောင်၊ မြတ်သူကျော်၊ မိုးယံ ဇွန်တို့က ပါဝင်သရုပ်ဆောင်ထားပြီး အေ သင်ချိုဆွေကိုယ်တိုင်ကလည်း ၁ဝပုဒ် လောက် သရုပ်ဆောင် ထားကြောင်းပြောပါ တယ်။အနီးဆုံးလူနမ်းမှာလားဗီစီဒီကို အကောင်းဆုံးကြိုးစား ပုံဖော်ထားကြောင်း ပြောတဲ့ အေသင်ချိုဆွေက..
ဒီအခွေက ထူးခြားမယ် လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်လမ်းပုံစံတွေ ရိုက်ထားတာလည်း ရှိတယ်။ အဓိကရိုက်တာ ကျတော့ နှစ်ယောက်တစ်အိပ်မက်သီချင်းရိုက် တာကလည်း ထူးခြားတယ်။ ဒါပေမဲ့ တအား ကြီးထူးခြားတာတော့ ပါမှာမဟုတ်ဘူး။ဘာ ဖြစ်လို့လဲ ဆိုတော့ ဒီအခွေက သီချင်းတွေက အေးအေးလေးတွေ လည်းဖြစ် တယ်။ Story ဇာတ်လမ်း ပုံစံလေးတွေ ရိုက်ထားတယ်လို့ ပြောတဲ့အေသင်ချိုဆွေက သူ့ရဲ့ ဒုတိယ တစ် ကိုယ်တော် စီးရီး ကိုလည်း ဇန်နဝါရီလမှာထွက် ရှိမှာဖြစ်ကြောင်း ပြောပါတယ်။


ကျောင်းတစ်ဖက်၊ ရိုက်ကူးရေး တစ်ဖက်နဲ့ မေဖြူဖြူ

ငှက်အော်စမ်း လူငယ်ထိန်းသိမ်း စောင့်ရှောက်ရေးဂေဟာမှာ ငွေကျပ် ၃ သိန်းအပြင် အဝတ်အထည် များကိုပါ လူငယ် ဒါရိုက်တာ အဏ်ထော်ဏီရဲ့ ၄၅ နှစ်ပြည့်မွေးနေ့နဲ့ အတူ လိုက်ပါ လှူဒါန်းဖြစ်ခဲ့တဲ့ မေဖြူဖြူ ကသူ့ရဲ့ စုံတွဲအခွေ ဖြစ်တဲ့ကောင်းသောညပါ ကလေး ရယ်ဆိုတဲ့ စီဒီကိုပါ ဖြန့်ဝေ လှူဒါန်း ဖြစ်ခဲ့ပါတယ်။ ကျောင်းမှာ ခွင့်တိုင်ပြီး ငှက်အော်စမ်း အထိ လာရောက် လှူဒါန်းဖြစ်ခဲ့တဲ့ မေဖြူဖြူ က ရိုက်ကူးရေးတွေ ကိုတော့ ကျောင်းချိန်နဲ့ လွတ်တဲ့ အချိန်တွေမှာ ရိုက်ကူးဖြစ်တယ်လို့ ပြောပါ တယ်။
တအား အရေးကြီးတယ် ဆိုရင်တော့ ကျောင်းမှာ ခွင့်သွားတိုင်ပါတယ်။


ဘဝတစ်ကွေ့မှာ ပရိသတ်နှင့် တွေ့မည့် မြင့်မြတ်
သရုပ်ဆောင်မြင့်မြတ်ကဘဝတစ်ကွေ့ တေးစီးရီး ထွက်ရှိ ခြင်း အထိမ်းအမှတ် အဖြစ် စက်တင်ဘာ ၂၉ ရက်မှာ ပရိသတ်နှင့် တွေ့ဆုံဖို့ ရှိကြောင်း ပြောသည်။
ဘဝတစ်ကွေ့ တေးစီးရီးကို ကောင်းကောင်း၊ အိုင်းရင်းဇင်မာ မြင့်နှင့် မြင့်မြတ် တို့ ပါဝင်သီဆို ထားကြောင်း သိရသည်။
ဗီဒီယိုကားတွေလိုတော့မဟုတ်ဘူးလေ။ပရိသတ်ကဘယ်ကားဘယ်ကားကိုပိုစိတ်ဝင်စားမယ်ဆိုတာ မှန်းတတ်သွားပြီ။အခုသီချင်းကျတော့ကျွန်တော့်ရဲ့ပထမဆုံးအတွေ့ အကြုံလည်း ဖြစ်တော့ ပရိသတ် ဘယ်လို တုံ့ပြန်မယ်ဆိုတာ ကျွန်တော် ကိုယ်တိုင်လည်း အရမ်း သိချင်နေပါတယ်။ သီချင်းတွေကို ၃ လ၊ ၄ လလောက် နဲ့ ဒီစီးရီး တစ်ခွေဖြစ်အောင် လုပ်ထားတာ။ သီချင်းဆိုတဲ့Dateတွေဆိုလည်းညတွေချည်းပဲ။ စိတ်တိုင်းကျလား ဆိုတော့ အကုန်လုံးတော့ စိတ်တိုင်း ကျပါတယ်။ ဒါပေမဲ့တချို့နေရာ လေးတွေမှာ အချိန် မပေးနိုင်လို့ အချိန်ပေးနိုင်ရင် ထပ်ပြီးလုပ်လို့ရတဲ နေရာလေးတွေရှိသေးတ ပေါ့။ကျွန်တော်ကိုယ်တိုင်ကိုယ်က ပြင်ချင်နေတာလေးတွေရှိသေးတယ်။သီချင်းနဲ့ပတ်သက်ရင်မကျွမ်းကျင်ပါဘူး။ နည်းနည်းပါးပါး အခက်အခဲလေး တွေလည်း ရှိတယ်။ အချိန် အတိုင်းအတာအရ ရောပေါ့။ စိတ်တိုင်းကျလုပ်နိုင်ဖို့ဆိုရင်တော့ကိုယ်ပိုင်စတီဒီယိုရှိမှအဆင်ပြေမယ်ထင်တယ်ဟု မြင့်မြတ်က ဆိုသည်။
ဒုတိယ အခွေနှင့် ပတ်သက်၍ မြင့်မြတ်က ဆိုဖြစ်မှာပါ။ ကျွန်တော် ဝါသနာလည်း ပါတာကြောင့် လေ။ ဘယ်တော့လောက် နောက် ခြေလှမ်းစမလဲ ဆိုတာကတော့ ကျွန်တော့် ဇာတ်ကား ရိုက်ရက်တွေ ပေါ်မှာ မူတည်ပါတယ်။ ကျွန်တော် ကားရိုက်ရင်း အားတဲ့ အချိန်တွေမှာ ပြေးပြေးပြီး ဆိုရမှာပေါ့။ တစ်ကိုယ် တော် လုပ်ဖြစ်မလား၊ အခုလို အတွဲတွေပဲ ဆိုဖြစ်မလား ဆိုတာတော့ မပြောတတ် သေးပါဘူး။ လက်ရှိဘဝတစ်ကွေ့စီးရီးကို စက်တင် ဘာ၂၉ ရက်နေ့ ထွက်မှာ ဆိုတော့ ပရိသတ်တွေ အားပေး ဖို့ ပြောချင် ပါတယ်ဟုဆိုသည်။



မန္တလေးပရိသတ်ရဲ့လက်ခုပ်သံနဲ့သီချင်းနှစ်ပုဒ်ဆိုတဲ့ ချစ်သုဝေ



တေးသံရှင် သရုပ်ဆောင် ချစ်သုဝေက မန္တလေးမြို့ကHoney Mart ဖွင့်ပွဲမှာ ပရိ သတ်တွေကို တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ သလိုနှစ်သစ်ကိုလည်း မန္တလေးကန်တော် ကြီး မှာ ပရိသတ်တွေနဲ့ဖြတ်သန်းကြိုဆိုခဲ့ပါတယ်။ အဲဒီလိုပဲ မန္တလေးသင်္ကြန်ကိုလည်း နှစ်တိုင်း လိုလိုလာရောက်နေကျဖြစ်လို့ မန္တလေးနဲ့ ပတ်သက်ပြီး
အမှတ်တရ အဖြစ် အပျက် များကို မေးကြည့်တဲ့အခါ… ”ကြာတော့ကြာပြီ။ ဟိုးလွန်ခဲ့တဲ့ သင်္ကြန် တစ်နှစ်က မန္တလေးမှာ သီချင်းလာဆိုတော့ စီဒီနဲ့ ဆိုရတယ်။ အစ်မ က စီဒီနဲ့လည်း တစ်ခါမှမဆိုဖူးတော့ အဆင် မှ ပြေပါ့မလားလို့ တွေးမိတာပေါ့။ ဖြစ် ချင်တော့တွေးနေတဲ့အတိုင်းပဲ သီချင်းတစ် ဝက်လောက် ရောက်တော့အခွေက အဆင် မပြေဖြစ်ပြီး သီချင်းဆက်ဆိုလို့မရတော့ ဘူး။ အဲဒါကို စင်အောက်က ပရိသတ်တွေက သိ တော့လက်ခုပ်တီးပေးကြတယ်။ပရိသတ်တွေ  ရဲ့ လက်ခုပ်သံနဲ့ပဲ တီးလုံးမပါဘဲ သီချင်းနှစ် ပုဒ်ပြီးအောင် ဆိုနိုင်ခဲ့တယ်။ အဲဒါက တော့မန္တလေးပရိသတ်တွေနဲ့ပတ်သက်ပြီး အမှတ်တရများစွာထဲကဘယ်တော့မှမမေ့  နိုင်တဲ့အမှတ်တရတစ်ခုပါလို့ ပြောပြ ပါတယ်။နောက်ပြီး အခုထွက်ထားတဲ့တိမ်တွေနေတဲ့အရပ်အခွေထဲက ဘယ်သီချင်းကို ပရိသတ်တွေ ကြိုက်လဲ ဆိုတော့အဲဒီအခွေထဲက တိမ်တွေ နေတဲ့အရပ်သီ ချင်းလေးကိုတော့ ပရိ သတ်တွေကြိုက်ကြတယ်။ ရှိုးတွေ မှာလည်း ပရိသတ်က အဲဒီ သီချင်းကို တောင်းကြတယ်လို့ပြောပြီး တိမ်တွေ နေတဲ့အရပ်ဗီစီဒီကို မြန်မြန် ထွက်နိုင် အောင် ကြိုးစားနေ ပါတယ် လို့ ပြောပါတယ်။



နင်စေရင် ရုပ်ရှင်ဇာတ်ကားကြီး အတွက် အကယ်ဒမီကို ရင်ခုန်ချင်ပါတယ် ဆိုလာတဲ့ 

 တ်မှုံရွှေရည်အကယ်ဒမီ

Sunday, October 14, 2012

ကလေးမြို့တွင်တရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီလူမျိုး(၁၆)ဦးဖမ်းမိ

စစ်ကိုင်းတိုင်ဒသကြီး၊ကလေးမြို့တွင်နယ်စပ်ဖတ်ကျော်လမ်းများမှတရားမဝင်ခိုးဝင်လာသောဘင်္ဂါလီလူမျိုး(၁၆)ဦးအားအောက်တိုဘာလ (၁၄) ရက်နေ့တွင် ထပ်မံ
ဖမ်းဆီးရမိခဲ့ကြောင်းကလေးမြို့နယ်ရဲစခန်းမှအတည်ပြု ပြောကြားချက်
အရသိရသည်။၎င်းဘင်္ဂါလီများသည်ကလေး  အနောက်မြောက်ဒေသ၊မောက်လင်းအုပ်စုတွင်ဖမ်းမိခြင်းဖြစ်ပြီး သာယာကုန်း ကျေးရွာတွင်(၁၂)ဦး၊ပျဉ်းခုံလေး(ဇိုဇန်လမ်းခွဲ)တွင်
 (၄)ဦး၊ စုစုပေါင်း(၁၆)ဦးကိုနေ့လည်(၁၂း၁၅)နာရီ အချိန်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း
 
၎င်းက ဆက်လက်ပြောကြားသည်။

ခိုးဝင်လာသောဘင်္ဂါလီများကို ကလေးမြို့နယ် ညောင်တုန်း ရွာသားတစ်ဦးကတွေ့ရှိရာမှ ရဲစခန်းသို့သတင်းပေးပို့ခဲ့ခြင်းဖစ်ကြောင်းကလေးမြို့အမျိုးဘာသာ၊သာသနာ   စောင့်ရှောက်ရေး

Tuesday, October 9, 2012

ကမ္ဘောဇဘဏ်မှ ကျပ်သိန်းတစ်ထောင် ထုတ်လာသူ လုယက်တိုက်ခိုက်ခံရ

ကမ္ဘောဇဘဏ်မှ ကျပ်သိန်းတစ်ထောင် ထုတ်လာသူ လုယက်တိုက်ခိုက်ခံရ

ယနေ့(အောက်တိုဘာ ၅ ရက်) မွန်း
လွဲပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာမြို့
နယ်အနီးရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုမှ 
 ငွေထုတ်ပြီးပြန်လာသော အအေးခန်း


စက်ရုံပိုင်ရှင် တစ်ဦးအား လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ လုယက်မှု ဖြစ်ပွားသောကြောင့် ငွေလုယက်ခံရသူမှာ ဒဏ်ရာများရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေ

ရပြီး ၄င်းနှင့်အတူ ပါလာသည့် ငွေကျပ်သိန်းတစ်ထောင်မှာမူ လုယက်သူများနှင့် ပါမသွားခဲ့ကြောင်း ၄င်းနှင့်နီးစပ်သူ လုပ်ငန်းရှင်အသိုင်းအ၀ိုင်းကပြောသည်။

ယခုကဲ့သို့ ငွေလုခံရသူသည် တစ်ဦးတည်း ဘဏ်မှငွေသွားထုတ်ပြီး ထွက်လာချိန်တွင် ၄င်းနောက်မှ လုယက်သူများက ကားဖြင့် နောက်ယောင်ခံလိုက်လာပြီး ငွေကိုလုကာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ခဲ့သောကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

"အခုလို နေ့ခင်းကြောင်တောင်ကြီးမှာ အတင့်ရဲပြီး လုတယ်ဆိုတော့ ဒါ ဓါးပြတိုက်တာပဲပေါ့။ အဲဒီလိုဆိုတော့ ကျွန်တော်တို့တောင် ကြောက်လာပြီဗျာ။ ဘဏ်တွေမှာ စောင့်ကြည့်ပြီး လုနေတဲ့သူတွေ ရှိနေပြီဆိုတာ သေချာနေပြီဗျာ"ဟု အအေးခန်းစက်ရုံပိုင်ရှင်တစ်ဦးက ပြောသည်။

အထက်ပါ ဖြစ်စဉ်အား အသေးစိတ် သိရှိနိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များက သွားရောက်စစ်ဆေးနေသော်လည်း ကာယကံရှင်များက အတည်ပြုပြောကြားခြင်း မရှိပေ။ ထို့အပြင် ရဲစခန်းအသီးသီးထံတွင်လည်း အမှုဖွင့်ထားခြင်း မရှိသေးကြောင်း သတင်းရရှိသည်။